မျက်မမြင်သောလမ်းပြတို့… သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မမျိုမိစေရန် ရေကိုစစ်ကြသော်လည်း ကုလားအုတ်ကိုမူ မျိုချကြပြီ။
ဗျာဒိတ် 12:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မြေကြီးသည် ထိုအမျိုးသမီးကို ကူညီ၍ မိမိခံတွင်းကို ဖွင့်လျက် နဂါး၏ခံတွင်းမှ မှုတ်ထုတ်သောမြစ်ရေကို မျိုလိုက်၏။ Common Language Bible သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။- Garrad Bible မြေ ကြီး ဟ လျက် န ဂါး ထုတ် လိုက် သော မြစ် ကို မျို၍ မိန်း မ ကို ကယ် ဆယ် သည့် အ တွက်၊ Judson Bible မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။ |
မျက်မမြင်သောလမ်းပြတို့… သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မမျိုမိစေရန် ရေကိုစစ်ကြသော်လည်း ကုလားအုတ်ကိုမူ မျိုချကြပြီ။
ထို့နောက် နဂါးသည် အမျိုးသမီးကို ရေ၌ မျောပါသွားစေရန် အမျိုးသမီးနောက်သို့ သူ၏ ခံတွင်းမှ ရေကို မြစ်ရေစီးသကဲ့သို့မှုတ်ထုတ်လိုက်၏။
ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။