သူသည် နေ့ညမပြတ် သင်္ချိုင်းဂူများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ လှည့်လည်၍ အော်ဟစ်လျက် ကျောက်စောင်းများဖြင့် မိမိကိုယ်ကို ရှစေလျက်နေ၏။
ဖိလိပ္ပိ 1:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးအတွက် ကျွန်ုပ်ဆုတောင်းတိုင်း ဝမ်းမြောက်စွာ ဆုတောင်းပေးလျက် ရှိ၏။ Common Language Bible အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။ |
သူသည် နေ့ညမပြတ် သင်္ချိုင်းဂူများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ လှည့်လည်၍ အော်ဟစ်လျက် ကျောက်စောင်းများဖြင့် မိမိကိုယ်ကို ရှစေလျက်နေ၏။
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရရန် မလိုသောသူ ကိုးဆယ့်ကိုးဦးအတွက် ဝမ်းမြောက်သည်ထက် အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံ ပြန်လာသောသူတစ်ဦးအတွက် ကောင်းကင်ဘုံတွင် ပို၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။
သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထားတူညီခြင်း၊ ရည်ရွယ်ချက်တစ်ခုတည်း ရှိခြင်းတို့ဖြင့် ကျွန်ုပ်ကို အကြွင်းမဲ့ဝမ်းမြောက်စေကြလော့။
ယခင်က သင်တို့ကို ကျွန်ုပ် မကြာခဏ ပြောသကဲ့သို့ ယခုလည်း မျက်ရည်ကျလျက် ထပ်မံပြောလိုသည်မှာ လူများစွာတို့သည် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပာယ်ကို မိမိတို့၏ ပြုမူနေထိုင်ပုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့ထံ မရောက်နိုင်သော်လည်း စိတ်ကမူ ရောက်နေ၏။ သင်တို့သည် စည်းလုံး၍ ခရစ်တော်ကို ခိုင်မြဲစွာ ယုံကြည်ကြသည်ကို ကြားရသောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။
ကျွန်ုပ်တို့သည် သင်တို့အတွက် အဖဘုရားသခင်ထံ ဆုတောင်းရာတွင် သင်တို့သည် ယုံကြည်သည့်အတိုင်း လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ မေတ္တာကြောင့် ကြိုးစားအားထုတ်ကြသည်ကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်ကို မျှော်လင့်သောကြောင့် သည်းခံနိုင်ကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့သတိရ၍ သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်လျက် အစဉ်မပြတ် ဆုတောင်းပေးကြ၏။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။