ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
တမန်တော်ဝတ္ထု 8:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမတ်က ဖိလိပ္ပုအား “ပရောဖက်ဟေရှာယသည် မည်သူ့အကြောင်းကို ပြောဆိုနေပါသနည်း။ မိမိအကြောင်းကိုလော။ သို့မဟုတ် အခြားတစ်ယောက်အကြောင်းကိုလော။ ကျွန်ုပ်အားပြောပြပါ” ဟု မေးလေ၏။ Common Language Bible ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။- Garrad Bible ထို အ ခါ မိန်း မ စိုး က ပ ရော ဖက် သည် မည် သူ့ ကို ရည် ဆောင်၍ ဆို ပါ သ နည်း။ သူ့ ကိုယ် ကို လော။ အ ခြား သူ ကို လော ပြော ပါ ဟု လျှောက် သော်၊ Judson Bible ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတစ်ပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော၊ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။ |
ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါဟူသည့် ပုံဥပမာစကားကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။
ကောင်းကင်တမန်ဆိုသည့်အတိုင်း ဖိလိပ္ပုသည် သွား၏။ ထိုလမ်းတွင် အီသီယိုးပီးယားပြည်သားတစ်ဦးနှင့် တွေ့ဆုံ၏။ ထိုသူသည် အီသီယိုးပီးယားဘုရင်မ ကန္ဒက်၏ဘဏ္ဍာများအားလုံးကို စီမံရသော အမတ်ဖြစ်၏။ သူသည် ဂျေရုဆလင်မြို့သို့ သွားရောက်ဝတ်ပြုပြီး
သူသည် နှိမ့်ချခြင်းကို ခံနေရစဉ်အတွင်း သူ့အတွက် တရားမျှတစွာ မစီရင်ကြပေ။ သူ၏အသက်သည် မြေကြီးပေါ်မှ ဖယ်ရှားခြင်းခံရသောကြောင့် သူ၏မျိုးဆက်ကို မည်သူ ဖော်ပြနိုင်မည်နည်း” ဟူ၍ဖြစ်၏။