သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
တမန်တော်ဝတ္ထု 8:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်ုပ်၏လက်တင်ခြင်း ခံရသောသူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိရန်အတွက် ဤအခွင့်အာဏာကို ကျွန်ုပ်ကိုလည်း ပေးပါ” ဟု တောင်းဆိုလေ၏။ Judson Bible အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊- မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။ |
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် ထိုသူတို့အပေါ် လက်တင်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြ၏။
တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လက်ခံရရှိကြောင်း ရှိမုန်မြင်သောအခါ သူသည် တမန်တော်တို့အား ငွေပေး၍
သို့သော် ပေတရုက “ဘုရားသခင်ပေးသောလက်ဆောင်ကို ငွေနှင့် ဝယ်ယူနိုင်သည်ဟု သင်ယူဆသောကြောင့် သင့်ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။
ဤအကြောင်းအရာကို ကျွန်ုပ်သည် အသင်းတော်ထံသို့ စာရေးခဲ့သော်လည်း ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ကျွန်ုပ်တို့ကို လက်မခံခဲ့ပေ။