လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
တမန်တော်ဝတ္ထု 7:56 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သတေဖန်က “ကြည့်ပါ။ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေတော်မူသည်ကို ကျွန်ုပ်မြင်ရပါသည်” ဟု ပြောလေ၏။ Common Language Bible ထိုအခါသတေဖန်က``ငါသည်ကောင်းကင် ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာဘက်တွင်ရပ်လျက် နေတော်မူသည်ကိုလည်းကောင်းငါမြင်၏'' ဟုဆို၏။ Garrad Bible ကောင်း ကင် ပွင့်၍ ဘု ရား သ ခင် ညာ ဘက် တော် မှာ လူ သား ရပ် နေ တော် မူ သည် ကို မြင် ပါ သည် ဟု ဆို သည့် ကာ လ၊ Judson Bible ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း၊ ငါမြင်သည်ဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ပါ။ ကောင်းကင်သည်ပွင့်၍ လူ့သားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကို ငါမြင်၏”ဟု ဆိုလေ၏။ |
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
တစ်နေ့၌ လူအပေါင်းတို့သည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ယေရှုသည်လည်း နှစ်ခြင်းမင်္ဂလာကိုခံယူတော်မူ၏။ ထို့နောက် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်၍
ထို့နောက် “သင်တို့အား ငါအမှန်ဆို၏။ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် ကောင်းကင်နှင့်မြေကြီးအကြား လှေကားသဖွယ်ဖြစ်သောလူသားအပေါ်တွင် ဆင်းလျက်တက်လျက် နေကြသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုဗျာဒိတ်ရူပါရုံတွင် ကောင်းကင်ပွင့်၍ ထောင့်လေးထောင့်ဖြင့်ထိန်းလျက် လျှောကျလာသည့် ပိတ်ထည်စကြီးကဲ့သို့သောအရာ မြေပြင်ပေါ်သို့ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့မြင်ရ၏။
ဤသို့ သုံးကြိမ်ဖြစ်ပျက်ပြီး ထိုအရာသည် ချက်ချင်း ကောင်းကင်သို့ ယူဆောင်သွားခြင်းခံရ၏။
သို့သော် ထိုသူတို့သည် ကျယ်လောင်စွာ အော်ဟစ်၍ နားများကို ပိတ်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ထိုအခါ ကောင်းကင်ဘုံသည် ပွင့်လျက်ရှိသည်ကို ကျွန်ုပ်မြင်၏။ ထိုနေရာ၌ မြင်းဖြူတစ်ကောင်ရှိ၏။ ထိုမြင်းဖြူကို စီးတော်မူသောသူသည် သစ္စာရှိသူနှင့် ဖြောင့်မှန်သူဟု အမည်ရ၏။ သူသည် ဖြောင့်မှန်စွာ တရားစီရင်၍ ဖြောင့်မှန်စွာ စစ်တိုက်တော်မူ၏။
ထို့နောက် ကျွန်ုပ်ကြည့်လျှင် ကောင်းကင်ဘုံ၌ တံခါးပွင့်သည်ကို မြင်ရ၏။ ပထမအကြိမ်က ကျွန်ုပ်ကြားခဲ့ရသည့် တံပိုးခရာသံနှင့် တူသောအသံမှာ “ဤအရပ်သို့ တက်လာလော့။ အနာဂတ်တွင် ဖြစ်ပျက်မည့်အကြောင်းအရာများကို သင့်အား ငါပြမည်” ဟူ၍ ဖြစ်၏။