သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
တမန်တော်ဝတ္ထု 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာနနိသည် ဇနီးသည်နှင့် သဘောတူလျက် ရောင်းရငွေတချို့ကို မိမိအတွက် ဖယ်ထားကာ ကျန်ငွေတချို့ကိုသာ ယူဆောင်ခဲ့ပြီးလျှင် တမန်တော်တို့ထံ အပ်လေ၏။ Common Language Bible သို့သော်အာနနိသည်ရောင်းရသောငွေအချို့ အဝက်ကို ဇနီးသည်၏သဘောတူညီချက် အရ မိမိအဖို့ဖယ်ထားပြီးမှကျန်ငွေကို တမန်တော်တို့အားပေးအပ်လေသည်။- Judson Bible ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်သဖြင့်၊ တစ်ဖို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဇနီးသည်နှင့်သဘောတူလျက် အဖိုးငွေထဲမှအချို့ကို ထိမ်ချန်ထားကာ အချို့သောငွေကိုသာယူဆောင်လာ၍ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။ |
သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ယုံကြည်သူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေလျက် မိမိတို့ပိုင်ဆိုင်သမျှကို အချင်းချင်းဝေမျှသုံးစွဲကြ၏။
ဗာနဗသည် မိမိပိုင်ဆိုင်သောလယ်ယာမြေကို ရောင်းပြီးလျှင် ရသောငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့ထံ အပ်လေ၏။
သို့ရာတွင် အာနနိအမည်ရှိသောလူတစ်ဦးနှင့် သူ၏ဇနီးရှဖိရေတို့သည် ပိုင်ဆိုင်မှုတချို့ကို ရောင်းကြ၏။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ပေတရုက “သင်တို့သည် ထိုမြေကို ဤမျှလောက်ဖြင့် ရောင်းသလော” ဟု မေး၏။ ထိုအမျိုးသမီးကလည်း “ဟုတ်ပါ၏။ ဤမျှလောက်ဖြင့်သာ ရောင်းပါပြီ” ဟု ပြန်ပြော၏။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။