ထိုအခါ ယေရှုသည် ပေတရုနှင့်ယောဟန်တို့အား “ငါတို့စားရန်အတွက် သွား၍ ပသခါပွဲတော်ညစာကို ပြင်ဆင်ကြလော့” ဟု မိန့်၍ စေလွှတ်တော်မူ၏။
တမန်တော်ဝတ္ထု 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဗိမာန်တော်သို့ ဝင်လာသည့်ပေတရုနှင့် ယောဟန်တို့ကို မြင်သောအခါ ငွေကြေးစွန့်ကြဲရန် တောင်းခံလေ၏။ Common Language Bible သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။- Garrad Bible ထို သူ သည် ဗိ မာန် တော့် အ တွင်း ဝင် အံ့ ဆဲ ဖြစ် သော ပေ တ ရု နှင့် ယော ဟန် ကို မြင် သည့် ကာ လ အ စွန့် အ ကြဲ ခံ ရန် တောင်း လေ ၏။ Judson Bible ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်ထဲသို့ဝင်မည်ပြုသည်ကိုမြင်သောအခါ ပေးကမ်းစွန့်ကြဲရန်တောင်းခံလေ၏။ |
ထိုအခါ ယေရှုသည် ပေတရုနှင့်ယောဟန်တို့အား “ငါတို့စားရန်အတွက် သွား၍ ပသခါပွဲတော်ညစာကို ပြင်ဆင်ကြလော့” ဟု မိန့်၍ စေလွှတ်တော်မူ၏။
တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။
သူသည် ပေတရုနှင့် ယောဟန်တို့ကို ဖက်တွယ်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့အားသင့်လျက် သူတို့ရှိရာ “ရှောလမုန်ဆင်ဝင်” ဟု ခေါ်သော ဆင်ဝင်သို့ ပြေးလာကြ၏။
ပေတရုနှင့် ယောဟန်တို့သည် ထိုသူအား စိုက်ကြည့်ကြ၏။ ပေတရုက “ငါတို့ကို ကြည့်လော့” ဟု ပြော၏။