ထိုအခါ ပိလတ်မင်းသည် လူထုကို စိတ်ကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
တမန်တော်ဝတ္ထု 25:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖေတ္တုမင်းသည် ဂျူးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့ တက်သွား၍ ထိုမြို့၌ ငါ့ရှေ့တွင် ဤစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးခံလိုသလော” ဟု မေးလေ၏။ Common Language Bible ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။ Garrad Bible သို့ ရာ တွင် ဖေ တ္ထု မင်း သည် ယု ဒ လူ မျိုး တို့ ထံ မှ မျက် နှာ ရ လို၍ ပေါ လု အား ယေ ရု ရှ လင် မြို့ သို့ သွား ပြီး လျှင် ဤ အ ချက် များ နှင့် စပ်၍ ငါ ရှေ့ တွင် စီ ရင် ခံ လို သ လော ဟု မေး ရာ၊ Judson Bible သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာ ဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။- မြန်မာ့စံမီသမ္မာကျမ်း ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။ |
ထိုအခါ ပိလတ်မင်းသည် လူထုကို စိတ်ကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
ထိုအမှုကို ဂျူးလူမျိုးများက နှစ်ထောင်းအားရကြောင်း မြင်သောအခါ သူသည် ပေတရုကိုလည်း ဖမ်းဆီးရန် ဆက်လက်ဆောင်ရွက်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော် ကာလအတွင်းဖြစ်၏။
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
အကျွန်ုပ်သည် ဤအငြင်းပွားမှုများနှင့်ပတ်သက်၍ မည်သို့စုံစမ်းရမည်ကို မစဉ်းစားနိုင်အောင်ဖြစ်သဖြင့် ပေါလုအား ‘ဂျေရုဆလင်မြို့သို့သွား၍ ဤစွပ်စွဲချက်များအတွက် စစ်ဆေးခံလိုသလော’ ဟု မေးပါ၏။
ထိုသူတို့က မိမိတို့အားကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ဆင့်ခေါ်ရန် တောင်းဆိုကြ၏။ ဤသို့တောင်းဆိုရခြင်းမှာ ထိုသူတို့သည် ပေါလုကိုလမ်းတွင် ချောင်းမြောင်း၍ လုပ်ကြံသတ်ဖြတ်ရန် ဖြစ်၏။