လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
တမန်တော်ဝတ္ထု 23:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုလျှို့ဝှက်ပူးပေါင်းကြံစည်မှုတွင် အယောက်လေးဆယ်ကျော် ပါဝင်ကြ၏။ Common Language Bible ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။- Judson Bible ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤလျှို့ဝှက်ကြံစည်မှုတွင်ပါဝင်သောသူများသည် အယောက်လေးဆယ်ကျော်ရှိကြ၏။ |
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
နောက်တစ်နေ့တွင် ဂျူးတို့သည် အတူတကွတွေ့ဆုံပြီးလျှင် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အချင်းချင်းသစ္စာဆိုကြ၏။
ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများထံသို့ သွား၍ “ကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အလေးအနက်သစ္စာဆိုထားကြပါ၏။