ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
တမန်တော်ဝတ္ထု 20:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေါလုသည် အပေါ်သို့ပြန်တက်၍ မုန့်ကိုချိုးဖဲ့လျက် သူတို့နှင့်အတူ စားကြ၏။ သူသည်လည်း အရုဏ်တက်ချိန်ထိတိုင်အောင် စကားဝိုင်းဖွဲ့ပြီးမှ ထွက်ခွာသွားလေ၏။ Common Language Bible ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။- Garrad Bible တက် ပြန်၍ မုန့် ကို ဖဲ့ စား ပြီး လျှင် မိုး မ သောက် မ ချင်း နှီး နှော ပြော ဆို ပြီး မှ ထွက် သွား လေ ၏။ Judson Bible မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။ |
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
သူတို့သည် အသက်ရှင်လျက်ရှိသော ထိုလူငယ်ကို ခေါ်ဆောင်သွားပြီး အလွန်စိတ်သက်သာရာရကြ၏။
ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။
ဥတုခုဟု ခေါ်သော လူငယ်တစ်ယောက်သည် ပေါလုကြာရှည်စွာဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင်ထိုင်ကာ အလွန်အိပ်ငိုက်လျက်နေ၏။ ထိုသူသည် အိပ်ပျော်သွားကာ သုံးလွှာအထပ်မှ အောက်သို့ ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို သိကြ၏။