လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
တမန်တော်ဝတ္ထု 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က မိန်းမောတွေဝေလျက် “နားထောင်ကြလော့။ ယခု ဟောပြောသောသူတို့သည် ဂါလိလဲပြည်သားများမဟုတ်လော။ Common Language Bible အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။- Garrad Bible အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။ Judson Bible ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။ |
လူထုပရိသတ်များက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့မှ ပရောဖက်၊ ယေရှုဖြစ်သည်” ဟု ဖြေဆိုကြ၏။
ထို့နောက် အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသော သူတို့က ပေတရုအနားသို့ လာပြီးလျှင် “သင်သည်လည်း အမှန်ပင်ယေရှုနှင့်အတူရှိခဲ့သောသူဖြစ်၏။ သင်၏ လေယူလေသိမ်းကို နားထောင်ခြင်းအားဖြင့် သိနိုင်၏” ဟု ဆိုကြ၏။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ထိုသူတို့က “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ ကျမ်းစာ၌ ရှာဖွေလေ့လာလော့။ ဂါလိလဲပြည်မှ မည်သည့်ပရောဖက်မျှ မပေါ်ထွန်းကြောင်းကို သင်သိရလိမ့်မည်” ဟု ဆိုကြ၏။
ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
ထိုလူအပေါင်းတို့သည် အံ့ဩတွေဝေလျက် “ဤအခြင်းအရာသည် မည်သည့်အရာကို ဆိုလိုသနည်း” ဟူ၍ အချင်းချင်းပြောဆိုကြ၏။
ထိုသို့ဖြစ်လျှင် ငါတို့အသီးသီးသည် ကိုယ့်မိခင်ဘာသာစကားကို အဘယ်ကြောင့်ကြားနေရသနည်း။
ထိုသူသည် ဗိမာန်တော်၏ လှပသောတံခါးအနီး၌ ထိုင်၍ ငွေကြေးတောင်းရမ်းသောသူဖြစ်ကြောင်း သတိပြုမိကြ၏။ သူတို့သည် ထိုသူ၌ ဖြစ်ပျက်ခဲ့သည့်အခြင်းအရာများကို အလွန်အံ့အားသင့်၍ ရင်သပ်ရှုမောလျက်ရှိကြ၏။