ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
တမန်တော်ဝတ္ထု 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူအကြောင်းကို ဒါဝိဒ်မင်းက ‘ငါသည် ထာဝရဘုရားကို အစဉ်ဖူးမြင်ပါ၏။ ကိုယ်တော်သည် ငါ့အနား၌ ရှိတော်မူသောကြောင့် ငါသည် တုန်လှုပ်ခြင်းမရှိ။ Common Language Bible ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။ Garrad Bible ထို အ ရှင် နှင့် စပ်၍ ဒါ ဝိဒ် မင်း မြွက် ဆို သည် ကား၊ ငါ သည် ထာ ဝ ရ ဘု ရား ကို အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ မ ရွေ့ စေ ခြင်း ငှာ ကိုယ် တော် သည် ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ၏။ Judson Bible ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။- မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။ |
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
သင်တို့သည် ငါ့ကို တစ်ယောက်တည်း စွန့်ပစ်ပြီးလျှင် မိမိအိမ်မိမိ တကွဲတပြားထွက်ပြေးကြမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအချိန်သည် ယခုပင် ရောက်လေပြီ။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းမဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။
ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်း၍ ငါ့နှုတ်သည် ချီးမွမ်းလေ၏။ ထိုမျှမက ငါ့ကိုယ်ခန္ဓာသည်လည်း မျှော်လင့်လျက် အသက်ရှင်လိမ့်မည်။