တစ်နေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရာအရပ်သို့ သွားနေစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့ကြ၏။ ထိုသူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် ဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိ၏။
တမန်တော်ဝတ္ထု 19:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒေမေတရိဟု ခေါ်သော ငွေပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်များကို ထုလုပ်၍ ပန်းထိမ်လုပ်သားများအတွက် များစွာစီးပွားဖြစ်ထွန်းစေသောသူ ဖြစ်၏။ Common Language Bible ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။- Garrad Bible အာ တေ မိ၏ ငွေ နတ် စင် များ ကို လုပ်၍ ပ ညာ သည် ချင်း တို့ အား လက် ခ များ စွာ ရ စေ သူ ဒေ မေ တြိ ခေါ် ငွေ ပန်း တိမ် ဆ ရာ သည်၊ Judson Bible ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဖြစ်ရသည့်အကြောင်းကား ဒေမေတရိအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်ကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်သမားတို့အား အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေ၏။ |
တစ်နေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရာအရပ်သို့ သွားနေစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့ကြ၏။ ထိုသူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် ဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိ၏။
သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
သူသည် ထိုလုပ်သားတို့နှင့်တကွ အလားတူလုပ်ငန်းကိုလုပ်သော အလုပ်သမားများကို စုဝေးစေပြီးလျှင် “လုပ်ဖော်ကိုင်ဖက်တို့… ဤလုပ်ငန်းအားဖြင့် ကျွန်ုပ်တို့၏စီးပွားဖြစ်ထွန်းခဲ့သည်ကို သင်တို့သိကြ၏။
ဒေမေတရိနှင့် အပေါင်းပါပန်းထိမ်လုပ်သားတို့သည် တစ်စုံတစ်ယောက်ကို တရားစွဲဆိုရန် ရှိလျှင် သူတို့ကို စွဲချက်တင်ရန် တရားရုံးများနှင့် မြို့ဝန်မင်းများသည် အသင့်ရှိကြပါ၏။ သူတို့အား ရုံးတော်တွင်သာ တရားဥပဒေအတိုင်း ဆောင်ရွက်စေလော့။