ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
တမန်တော်ဝတ္ထု 19:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စုန်းအတတ်ပညာကို ကျင့်သုံးသောသူများစွာတို့သည် သူတို့၏ဂါထာစာအုပ်များကို သယ်ယူလာပြီးလျှင် လူအများရှေ့တွင် မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်သောအခါ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။ Common Language Bible မှော်အတတ်ကိုအသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကိုစုသိမ်းယူဆောင် လာ၍ လူပုံအလယ်တွင်မီးရှို့ကြ၏။ ထိုစာအုပ် များ၏တန်ဖိုးကိုတွက်ချက်ကြည့်သောအခါ ငွေအသပြာငါးသောင်းမျှရှိကြောင်းတွေ့ ရှိကြ၏။- Garrad Bible မှော် အ တတ် လေ့ လာ သူ အ များ သည် ကိုယ့် ကျမ်း များ ကို ယူ ဆောင် စု ပုံ၍ ရှိ သ မျှ တို့ ရှေ့ မီး တိုက် ကြ၏။ တန် ဖိုး ကို တွက် စစ် ရာ ငွေ ငါး သောင်း ထိုက် သည် ကို သိ ကြ၏။ Judson Bible နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဖိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မှော်အတတ်ကိုသုံးခဲ့သူများစွာတို့သည်လည်း ၎င်းနှင့်ပတ်သက်သောစာအုပ်များကို စုစည်းယူဆောင်လာ၍ အားလုံးတို့ရှေ့၌ မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်ကြရာ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။ |
ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
တစ်နည်းဆိုသော် အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိ၍ ထိုအထဲမှ တစ်ပြားပျောက်သွားပါက သူသည် ဆီမီးခွက်ကိုထွန်း၍ အိမ်အခန်းထောင့်ရှိသမျှတို့ကို လှည်းကျင်းပြီး ပြန်တွေ့သည်အထိ ဂရုတစိုက်ရှာဖွေမည် မဟုတ်လော။
ကျွန်းတစ်ခုလုံးကို လှည့်လည်၍ ပါဖုမြို့တိုင် ရောက်ကြသောအခါ ဗာယေရှုအမည်ရှိသော ပရောဖက်အတုအယောင်၊ ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
သို့ရာတွင် မှော်ဆရာဟု အဓိပ္ပာယ်ရသောဧလုမအမည်ရှိသည့် ထိုသူသည် ဗာနဗနှင့်ရှောလုတို့ကို ဆန့်ကျင်၍ ထိုမြို့ဝန်မင်းကို ယုံကြည်ခြင်းမှလမ်းလွှဲစေရန် ကြိုးပမ်းလေ၏။
ယုံကြည်သောသူတို့သည်လည်း လာ၍ သူတို့ပြုလုပ်ခဲ့သော အရာများကို လူအများရှေ့တွင် ဖော်ပြကာ ဝန်ခံကြ၏။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။