ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 10:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက သူ့အား ဆွဲထူ၍ “ထလော့။ ကျွန်ုပ်သည်လည်း သာမန်လူပင်ဖြစ်သည်” ဟု ဆို၏။ Common Language Bible သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။- Garrad Bible ပေ တ ရု က ထ လော့။ ငါ လည်း လူ ဖြစ် သည် ဟု ဆို လျက် ကော် နေ လိ ကို ထူ လေ၏။ Judson Bible ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုသည် သူ့ကိုထူမ၍ “ထပါ။ ငါကိုယ်တိုင်လည်း သာမန်လူသားတစ်ယောက်ဖြစ်သည်”ဟု ဆိုလေ၏။ |
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။