ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ဂလာတိ 6:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တရားတော်ကို သင်ယူသောသူသည် သင်ကြားပေးသော မိမိဆရာသမားအား ကောင်းသောအရာဟူသမျှကို ဝေမျှ၍ ထောက်ပံ့ရမည်။ Common Language Bible တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။ Garrad Bible နှုတ် က ပတ် အ ရာ၌ သင် ကြား ခံ ရ သူ တ ပည့် သည် သင် ကြား သူ ဆ ရာ အား စည်း စိမ် ချမ်း သာ အ မျိုး မျိုး နှင့် ထောက် ပံ့ စေ။ Judson Bible နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။- မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။ |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
သို့ဖြစ်လျှင် သင်သည်လည်း ကိုယ်တိုင် သင်ယူခဲ့သောအကြောင်းအရာများ မှန်ကန်ကြောင်း သိရှိလိမ့်မည်ဖြစ်၏။
ထိုသူတို့သည် စေတနာစိတ်နှင့် လှူဒါန်းသကဲ့သို့ သူတို့၌ ကျေးဇူးတုံ့ပြန်ရန် တာဝန်ရှိသည်ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သောသူများထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများကို ဝေမျှခံစားရလျှင် သူတို့ဘက်မှလည်း ငွေကြေးအားဖြင့် ကူညီသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။