ထို့ပြင် “တရားတော်သည် သင့်အနီး၌ ရှိ၏။ ၎င်းသည် သင့်နှုတ်၌လည်းကောင်း၊ သင့်စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ထိုတရားတော်မှာ ကျွန်ုပ်တို့ဟောပြောသော ယုံကြည်ခြင်းတရား ဖြစ်၏။
ဂလာတိ 4:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်မ၏ သားသည် လူ့သဘာဝအရ မွေးဖွားလာသောသားဖြစ်ပြီး လွတ်လပ်သောမိန်းမ၏ သားမှာမူ ဘုရားသခင်၏ ကတိတော်အရ မွေးဖွားလာသောသား ဖြစ်၏။ Common Language Bible ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။- Garrad Bible ကျွန် သိမ်း မ ယား တွင် ရ သော သား သည် ဇာ တိ အ လျောက်၊ ကျွန် မ ဟုတ် သော မ ယား တွင် ရ သော သား မူ ကား က တိ တော် ကြောင့် ဖြစ် ပွား ၏။ Judson Bible ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သားသည် ကတိတော်အားဖြင့် ဖွားသောသားဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။ |
ထို့ပြင် “တရားတော်သည် သင့်အနီး၌ ရှိ၏။ ၎င်းသည် သင့်နှုတ်၌လည်းကောင်း၊ သင့်စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ထိုတရားတော်မှာ ကျွန်ုပ်တို့ဟောပြောသော ယုံကြည်ခြင်းတရား ဖြစ်၏။
ကျမ်းစာ၌ အာဗြဟံတွင် သားနှစ်ဦးရှိကြောင်း၊ တစ်ဦးသည် ကျွန်မဖြစ်သူ၏ သားဖြစ်ပြီး တစ်ဦးမှာ လွတ်လပ်သောမိန်းမဖြစ်သူ၏ သားဖြစ်ကြောင်း ဖော်ပြထား၏။
မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။