ယေရှုက “ကွာရှင်းခြင်းနှင့်ပတ်သက်၍ သင်တို့ကို မောရှေက မည်သို့ညွှန်ကြားထားသနည်း” ဟု ပြန်၍ မေးတော်မူ၏။
ဂလာတိ 4:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။ Common Language Bible ပညတ်တရား၏လက်အောက်တွင်နေလိုသူတို့၊ သင်တို့သည်ပညတ်ကျမ်း၏မိန့်ဆိုချက်ကိုမ ကြားကြသလော။- Garrad Bible ပ ညတ် တ ရား အောက် နေ လို သော သင် တို့၊ ပြော ကြ။ ပ ညတ် တ ရား တော် ကို နာ ယူ မည် မ ဟုတ် လော့။ Judson Bible ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။ |
ယေရှုက “ကွာရှင်းခြင်းနှင့်ပတ်သက်၍ သင်တို့ကို မောရှေက မည်သို့ညွှန်ကြားထားသနည်း” ဟု ပြန်၍ မေးတော်မူ၏။
သို့သော် အာဗြဟံက ‘သူတို့အားသတိပေးရန် မောရှေနှင့် ပရောဖက်တို့၏ကျမ်းများရှိ၏။ ထိုကျမ်းများ၏သွန်သင်ချက်တို့ကို နာယူကြပါစေ’ ဟု ပြောလေ၏။
ယေရှုက “ကျမ်းစာတွင် ဘုရားသခင်က ‘သင်တို့သည် ဘုရားများဖြစ်ကြ၏’ ဟူ၍ ဖော်ပြထားသည်မဟုတ်လော။
ထိုအခါ လူထုက “ခရစ်တော်သည် ထာဝရအသက်ရှင်တော်မူသည်ဟု ပညတ်ကျမ်းအရ ကျွန်ုပ်တို့သိရပါ၏။ သို့ဖြစ်၍ သင်က လူသားသည် မြေမှ မြှောက်ထားခြင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ထိုလူသားသည် မည်သူနည်း” ဟု မေးမြန်းကြ၏။
ဤအရာသည် ကျမ်းစာတွင် ‘သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းကြ၏’ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်လာရန်ဖြစ်၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။