ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
ဂလာတိ 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏ တစ်ခုတည်းသော အကြံပြုချက်မှာ ဆင်းရဲသားတို့အား ဆက်၍ သတိရ ကူညီရန် ဖြစ်၏။ ဤအရာသည် ကျွန်ုပ်လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့သောအရာ ဖြစ်၏။ Common Language Bible ငါတို့သည်ဆင်းရဲသူတို့ကိုသတိရ ကူညီမစရန်သူတို့အလိုရှိ၏။ ထိုသို့ ဆောင်ရွက်ရန်ငါလည်းစိတ်စေတနာ ထက်သန်၏။ Garrad Bible သူ ဆင်း ရဲ တို့ ကို သ တိ ရ စေ ခြင်း ငှာ သာ တောင်း ပန် ကြ၏။ ထို သို့ ဆောင် ရွက် ရန် ငါ လည်း စိတ် စေ တ နာ ထက် သန် ၏။ Judson Bible ငါတို့သည် ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှုကို ငါသည် အလိုအလျောက် ကြိုးစားအားထုတ်လေ့ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့ကို ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။ |
ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။