ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။-
လုကာ 1:80 - မြန်မာ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ Common Language Bible သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။ Garrad Bible သူ ငယ် သည် ကြီး ပွား၍ စိတ် အား ကြီး လျက် ဣ သ ရေ လ လူ မျိုး အား ထင် ရှား သည့် နေ့ တိုင် အောင် တော၌ ရှိ နေ၏။ Judson Bible ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။ |
ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။-
ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။-
အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။-
သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။
ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။
အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။-