ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။-
ရှင်ယောဟန် 5:46 - မြန်မာ သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- Common Language Bible မောရှေသည်ငါ၏အကြောင်းကိုရေးသား ဖော်ပြခဲ့၏။ ထို့ကြောင့်မောရှေကိုသင်တို့ ယုံလျှင်ငါ့ကိုလည်းယုံကြလိမ့်မည်။- Garrad Bible အသို့ဆိုသော် ငါ့အကြောင်းကိုရေးထားသောမောရှေကိုယုံခဲ့လျှင် ငါ့ကိုယုံကြလေပြီ။ Judson Bible သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ငါ့အကြောင်းကိုရေးထားသည်ဖြစ်၍ သင်တို့သည် မောရှေကိုယုံကြည်ခဲ့လျှင် ငါ့ကိုလည်း ယုံကြည်ခဲ့ကြပေလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် ငါ့အကြောင်းကို ရေးသား၏။ ထို့ကြောင့် သင်တို့သည် မောရှေကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ကြလိမ့်မည်။ |
ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။-
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။-
သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။