နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။-
ရှင်ယောဟန် 4:43 - မြန်မာ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- Common Language Bible ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။- Garrad Bible ထိုနှစ်ရက်လွန်သော် ၎င်းအရပ်မှထွက်၍ ကိုယ့်နေရာတွင် ပရောဖက်၌ဂုဏ်အသရေမရှိတတ်ဟု ယေရှုကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ကြွသွားလျက် ရောက်တော်မူသော်၊ Judson Bible နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ရက်ကြာသော် ယေရှုသည် ထိုအရပ်မှ ဂါလိလဲပြည်သို့ ကြွတော်မူ၏။ |
နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။-
သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိယအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သားရှိမုန်ဖြစ်၏။ ကေဖအမည်သစ်ကို ရလတ္တံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟု ဆိုလိုသတည်း။
ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။-
အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။-
ရေကို စပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။-