လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ရှင်ယောဟန် 15:19 - မြန်မာ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- Common Language Bible သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။- Garrad Bible သင်တို့သည် ဤလောကနှင့်စပ်ဆိုင်ခဲ့မူ ကိုယ်နှင့်စပ်ဆိုင်သူတို့ကို လောကသားတို့ချစ်လေပြီ။ သင်တို့ကို ဤလောကထဲမှငါရွေးချယ်၍ ဤလောကနှင့်မစပ်ဆိုင်ကြသောကြောင့်မုန်းကြ၏။ Judson Bible သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဤလောကီနှင့် သက်ဆိုင်သူများဖြစ်ပါက လောကီသားတို့သည် မိမိတို့၏မိသားစုဝင်များကဲ့သို့ သင်တို့ကို ချစ်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့် မသက်ဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးချယ်ထားသောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။ |
လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။-
သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။-
သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။-
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။-