ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။
ရှင်ယောဟန် 14:3 - မြန်မာ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။- Common Language Bible ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။- Garrad Bible ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။ Judson Bible ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။ |
ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။
ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။-
ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။-
အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။-