ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။-
ရှင်ယောဟန် 12:31 - မြန်မာ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။- Common Language Bible ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။- Garrad Bible ယခုမှာ ဤလောကသည် စီရင်ဆုံးဖြတ်ခံရ၏။ ဤလောကမင်းလည်းနှင်ထုတ်ခံရတော့မည်။ Judson Bible ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။ |
ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။-
ယခုမှစ၍ ငါသည်သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။-
အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။-
ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှာလည်းကောင်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှာလည်းကောင်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။-