Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 3:19 - မြန်မာ

19 အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တရားစီရင်ဆုံးဖြတ်ခြင်းမှာ ဤလောကသို့အလင်းရောက်လာရာ လူတို့သည် အပြုအမူဆိုးသွမ်းသည့်အလျောက် အလင်းထက်မှောင်မိုက်ကိုနှစ်သက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အပြစ်စီရင်ခြင်း​ခံရသည့် အကြောင်းရင်း​မှာ ဘုရားသခင်​၏​အလင်းတော်​သည် ဤ​ကမ္ဘာလောက​သို့ ကြွလာ​သော်လည်း လူတို့​သည် အကျင့်ဆိုးတို့​ကို ကျင့်​သောကြောင့် ထို​အလင်းတော်​ထက် အမှောင်ထု​ကို ပို​၍ နှစ်သက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 3:19
33 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။-


ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-


ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။-


ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။


ယ​ခု​တွင် ဤ​လော​က​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယ​ခု​တွင် ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-


အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။


ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။-


အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-


ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။-


လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။-


တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ