ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊-
ရှင်ယောဟန် 12:2 - မြန်မာ ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။- Common Language Bible ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။- Garrad Bible ထိုရွာတွင် ကိုယ်တော့်အဖို့စားသောက်ပွဲကျင်းပကြရာ မာသလုပ်ကျွေးသမှုပြုလျက် ကိုယ်တော်နှင့်အတူ လာဇရုစားပွဲထိုင်ပါဝင်လျက်ရှိစဉ်၊ Judson Bible ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေသူများထဲတွင် လာဇရုလည်းပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် ယေရှုအတွက် ညစာစားပွဲကို ပြင်ဆင်ပေး၍ မာသသည် ဧည့်ဝတ်ပြုလေ၏။ ယေရှုနှင့်အတူ စားပွဲ၌ ထိုင်နေသူများထဲတွင် လာဇရုလည်း ပါ၏။ |
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊-
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော် ရှိတော်မူသည်ဖြစ်၍၊ မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။-
အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။-
ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။-
အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။-
ထိုနောက်မှလေဝိသည် ကိုယ်တော်အဖို့အလို့ငှာ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။-