တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။-
ရှင်ယောဟန် 11:52 - မြန်မာ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- Garrad Bible ထိုလူမျိုးအတွက်သာမဟုတ်၊ အရပ်ရပ်ကွဲလွင့်လျက်နေသော ဘုရားသခင့်သားသမီးတို့ကိုတစ်စုတစ်ရုံးတည်းဖြစ်စေရန် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊ ပရောဖက်ဉာဏ်ဖြင့် ဟောပြောသတည်း။ Judson Bible ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ |
တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။-
ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။-
ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။-
ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။-