ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။-
ရှင်ယောဟန် 10:38 - မြန်မာ ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ Common Language Bible ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ Garrad Bible ဆောင်ရွက်လျှင်မူကား ငါ့ကိုမယုံသော်လည်းငါ၌ခမည်းတော်တည်သည်ကိုလည်းကောင်း၊ ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ သိမြင်နားလည်ရကြရန် ထိုအမှုများကိုယုံကြလော့ ဟုမိန့်တော်မူ၏။ Judson Bible ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။ |
ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။-
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။-
ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။-
ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။-
ညအခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊-
ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။-