တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-
ရှင်ယောဟန် 10:20 - မြန်မာ လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။- Common Language Bible လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။ Garrad Bible အများတို့က နတ်ပူး၍ရူးသွပ်သူဖြစ်၏။ အဘယ်ကြောင့်နားထောင်ကြသနည်းဟုဆိုကြရာ၊ Judson Bible လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တချို့က “ဤသူသည် နတ်ဆိုးပူး၍ ရူးနေ၏။ ဤကဲ့သို့သောသူ၏ စကားကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။ |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-
အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုးစွဲသောသူ ပါတကားဟု ဆိုကြ၏။-
ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။-
ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။-
လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။-
ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။-