ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။-
ရှင်မာကု 6:7 - မြန်မာ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊- Common Language Bible တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။- Garrad Bible တစ် ဆယ့် နှစ် ပါး တို့ ကို အ ထံ တော် သို့ ခေါ်၍ နှစ် ပါး စီ တွဲ ဘက် စေ လွှတ် လျက် နတ် ဆိုး တို့ ကို နိုင် ခွင့် အာ ဏာ ပေး အပ် တော် မူ ၏။ Judson Bible တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီ၊ နှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။ |
ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။-
ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။-