Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:6 - မြန်မာ

6 ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သူ တို့ မ ယုံ ကြည် ခြင်း ကို အံ့ သြ တော် မူ၏။ ကိုယ် တော် သည် ဒေ သ နာ ပေး လျက် မြို့ ရွာ များ ကို ဒေ သ စာ ရီ လှည့် လည် တော် မူ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ကိုယ်တော်​သည် သူတို့​၏ မယုံကြည်နိုင်ခြင်း​အပေါ် အံ့အားသင့်တော်မူ၏။ ထို့နောက် ယေရှု​သည် အနီးတစ်ဝိုက်​ရှိ ကျေးရွာများ​သို့ လှည့်လည်​၍ ဟောပြော​သွန်သင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:6
12 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-


ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။


ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-


ထို​အ​ခါ ယေ​ရှု​သည် မြို့​ရွာ​တို့​ကို ဒေ​သ​စာ​ရီ​လှည့်​လည်​လျက်၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။-


ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-


ထို​သို့​အ​လို့​ငှာ ငါ့​ကို​စေ​လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်​မှာ တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​ပြော​လျက် နေ​တော်​မူ၏။


သူ​သည် အ​ကျွန်ုပ်​မျက်​စိ​ကို​ဖွင့်​သော်​လည်း အ​ဘယ်​က​ဖြစ်​သည်​ဟု သင်​တို့​မ​သိ​ကြ​သည်​ကို အံ့​ဩ​ဖွယ်​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ