အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်မာကု 14:24 - မြန်မာ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- Common Language Bible ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။- Garrad Bible ကိုယ် တော် က လည်း ဤ ကား လူ အ များ အ ဖို့ သွန်း သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ငါ့ အ သွေး တည်း။ Judson Bible ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤစပျစ်ရည်သည် လူများစွာတို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။ |
အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။-
ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရဟု မိန့်တော်မူ၏။-
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဖို့အလိုငှာ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။-
ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။-