စကားပြောရုံဖြင့်စစ်တိုက်ရန်စွမ်းရည်ရှိသည် ဟုထင်ပါသလော။ ငါ့ကိုပုန်ကန်ရန်သင့်အား အဘယ်သူကူညီလိမ့်မည်နည်း။-
၂ ရာချုပ် 32:3 - Common Language Bible မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။- Garrad Bible မြို့ ပြင် ရှိ စမ်း ရေ ပေါက် များ ကို ပိတ် သွင်း ရန်၊ မှူး တော် မတ် တော်၊ ရဲ ဗိုလ် တို့ နှင့် တိုင် ပင် သည့် အ တိုင်း၊ Judson Bible မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှာ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မြို့ပြင်ရှိစမ်းရေတွင်းများကို ပိတ်ပစ်ရန် မိမိ၏မှူးမတ်များ၊ စစ်သူရဲများနှင့်တိုင်ပင်ရာ သူတို့သည်လည်း ဟေဇကိမင်းကြီးကို ကူညီကြ၏။ |
စကားပြောရုံဖြင့်စစ်တိုက်ရန်စွမ်းရည်ရှိသည် ဟုထင်ပါသလော။ ငါ့ကိုပုန်ကန်ရန်သင့်အား အဘယ်သူကူညီလိမ့်မည်နည်း။-
ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
သနာခရိပ်သည်ယေရုရှလင်မြို့ကိုလည်း တိုက်ခိုက်ရန်ကြံစည်လျက်ရှိကြောင်း ဟေဇကိ သိမြင်သောအခါ၊-
ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။ အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။ သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။
မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။