ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
၂ ရာချုပ် 14:5 - Common Language Bible ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။- Garrad Bible ယု ဒ မြို့ ရွာ ရှိ မြင့် ရာ ဌာ န နှင့် နေ မင်း တိုင် များ ကို ပယ် ရှား၍၊ နိုင် ငံ တော် ရေး သာ ယာ ၏။ Judson Bible ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသောကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။ |
ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
သူ၏ညွှန်ကြားချက်အရမင်းချင်းတို့သည် ဗာလဘုရားအားဝတ်ပြုကိုးကွယ်ရာယဇ် ပလ္လင်များကိုချိုးဖဲ့ချေမှုန်းပြီးလျှင် ထို ယဇ်ပလ္လင်များတွင်ယဇ်ပူဇော်ခဲ့ကြသူ တို့၏သင်္ချိုင်းများအပေါ်တွင်ကြဲဖြန့် ကြ၏။-
မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
ယဇ်ပလ္လင်တို့ကိုဆွဲချဖျက်ဆီး၍နံ့သာပေါင်း မီးရှို့ရာခွက်တို့ကိုချိုးဖဲ့မည်။ လူအပေါင်း တို့သည်လည်း မိမိတို့ကိုးကွယ်သည့်ရုပ်တု များရှေ့တွင်အသတ်ခံရကြလိမ့်မည်။-
ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-