ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
၂ ရာချုပ် 11:10 - Common Language Bible ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့များ ကိုတံတိုင်းကာစေတော်မူ၏။- Judson Bible ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်းဟူသော ယုဒခရိုင်နှင့် ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သောမြို့တို့ကို ပြုစုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။ |
ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။
ထိုမြို့တို့ကိုခိုင်ခံ့စွာတံတိုင်းကာပြီးလျှင် မြို့တိုင်းတွင် တပ်မှူးတစ်ဦးစီခန့်ထား၍ ဆီ၊ စပျစ်ရည်၊ စားနပ်ရိက္ခာ၊-
ထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။-
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-
ကေနက်အမျိုးယေဖုန္နာ၏သားကာလက် သည် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို တစ်သဝေမတိမ်းလိုက်လျှောက်သဖြင့် သူ ၏အဆက်အနွယ်တို့သည်ဟေဗြုန်မြို့ကို ယနေ့တိုင်အောင်ပိုင်ဆိုင်ကြ၏။-
ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-