Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 14:14 - Common Language Bible

14 ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် လိုက် ရှာ သော ကေ နတ် အ မျိုး ယေ ဖု န္နာ့ သား ကာ လက် သည် ဟေ ဗြုန် ခင် တန်း ကို ယ နေ့ တိုင် အ ပိုင် ရ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထိုသို့ ကေနက်​အမျိုး ယေဖုန္နာ​၏​သား ကာလက်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစိုက်​လိုက်​သောကြောင့် ဟေဗြုန်​မြို့​သည် ယနေ့​တိုင်အောင် သူ​၏​အမွေမြေ​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 14:14
9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။


သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။


ထို​အ​ခါ​ယော​ရှု​သည်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား ကောင်း​ချီး​ပေး​၍​ဟေ​ဗြုန် မြို့​ကို​ဝေ​စု​အ​ဖြစ်​ခွဲ​ဝေ​ပေး​လေ​၏။-


ဟေ​ဗြုန်​မြို့​၏​နာ​မည်​ဟောင်း​မှာ​အာ​ဘ​မြို့ ဖြစ်​သ​တည်း။ (အာ​ဘ​သည်​အာ​န​က​အ​မျိုး သား​တို့​၏​ခေါင်း​ဆောင်​ကြီး​ဖြစ်​၏။) ထို​နောက်​တိုင်း​ပြည်​တွင်​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။


သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ