ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
၂ ရာချုပ် 10:3 - Common Language Bible ဣသရေလပြည်မြောက်ပိုင်းမှအနွယ်တို့သည် သူ့ကိုခေါ်ပြီးလျှင်ရောဗောင်ထံကိုသွား၍၊- Garrad Bible ခေါ် စေ သူ ဣ သ ရေ လ လူ အ ပေါင်း တို့ နှင့် အ တူ ရော ဗောင် မင်း ထံ သို့ ဝင် လျက် Judson Bible ဣသရေလလူတို့သည် သူ့ထံသို့ လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ဝင်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်ကြ၏။ ထို့နောက် ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ရောဗောင်မင်းကြီးထံသို့လာကြပြီး |
ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
ရှောလမုန်၏ဘေးမှလွတ်မြောက်ရန်အီဂျစ် ပြည်သို့ထွက်ပြေးသွားသူ၊ နေဗတ်၏သား ယေရောဗောင်သည်ထိုသတင်းကိုကြား သောအခါမိမိ၏ပြည်သို့ပြန်လာ၏။-
``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။