Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 10:4 - Common Language Bible

4 ``အ​ရှင်​၏​ခ​မည်း​တော်​သည်​အ​ကျွန်ုပ်​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​ခဲ့​ပါ​၏။ အ​ကယ်​၍​အ​ရှင်​သည် ယင်း​သို့​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့​နေ​သာ​ထိုင်​သာ​အောင်​ပြု​တော် မူ​လျှင် အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ခ မည်း တော် သည် ကျွန် တော် တို့ အ ပေါ် တွင် ခဲ ယဉ်း သော ထမ်း ပိုး ကို တင် တော် မူ ပါ ပြီ။ လက် ထက် တော် မှာ ခမည်း တော် တင် ခဲ့ သည့် လေး လံ သော ထမ်း ပိုး နှင့် ခဲ ယဉ်း သော တာ ဝန် ကို ပေါ့ စေ တော် မူ လျှင် ကျွန် တော် တို့ သည် ကိုယ် တော့် ထံ ဖ ဝါး ကျွန် ဖြစ် ကြ ပါ မည် ဟု တင် လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ လေး​သော​ထမ်း​ပိုး​ကို တင်​ပါ​ပြီ။ ခ​မည်း​တော်​ထံ​မှာ ပင်​ပန်း​စွာ ဆောင်​ရွက်​ရ​သော​အ​မှု၊ တင်​တော်​မူ​သော ထမ်း​ပိုး​လေး​ကို ပေါ့​စေ​တော်​မူ​ပါ။ ထို​သို့​ပြု​တော်​မူလျှင်၊ ကျွန်​တော်​တို့​သည် အ​မှု​တော်​ကို ထမ်း​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 “​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​ပါ​၏​။ သို့သော် မင်းကြီး​၏​ခမည်းတော်​ထံ၌ အကျွန်ုပ်​တို့ ခက်ခဲပင်ပန်း​စွာ​အမှုထမ်း​ခဲ့​ရ​သည်​ကို သက်သာ​စေ​မည်​ဆိုလျှင်​၊ အကျွန်ုပ်​တို့​အပေါ်​တင်​ထား​ခဲ့​သည့် လေးလံ​သော​ထမ်းပိုး​ကို ပေါ့​စေ​မည်​ဆိုလျှင် မင်းကြီး​ထံ ခစား​ကြ​ပါ​မည်​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 10:4
15 ပူးပေါင်းရင်းမြစ်များ  

``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။


ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-


သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။


ရှော​လ​မုန်​သည်​ဣသ​ရေ​လ​ပြည်​တစ်​ပြည်​လုံး မှ လူ​သုံး​သောင်း​ကို​ချွေး​တပ်​သား​အ​ဖြစ်​ဖြင့် ဆင့်​ခေါ်​တော်​မူ​ပြီး​လျှင်၊-


ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-


ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။


ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​အ​နွယ်​တို့​သည် သူ့​ကို​ခေါ်​ပြီး​လျှင်​ရော​ဗောင်​ထံ​ကို​သွား​၍၊-


ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။


ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-


ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မျက်​ထွက် သ​ဖြင့်၊ ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်​ဘိ​သ​ကဲ့​သို့​ပြု​ခဲ့​၏။ သင်​၏​အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​သူ​တို့​အ​ပေါ်​၌ သ​နား​ကြင်​နာ​စိတ်​မ​ထား။ အ​သက်​ကြီး​သူ​များ​ကို​ပင်​ကြမ်း​ကြုတ်​စွာ ပြု​ကျင့်​၏။


သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။-


အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ