မောနောသဲ၏သားမှာသြဖရာတည်း။ စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
၁ ရာချုပ် 4:23 - Common Language Bible ယောရှနှင့်သာရပ်တို့သည်ဘုရင်၏အမှု တော်ထမ်းအိုးထိန်းသည်များဖြစ်၍ နတိမ် နှင့်ဂဒေရမြို့တို့တွင်နေထိုင်ကြပေသည်။ Garrad Bible ကျမ်း ဟောင်း အ ရ ထို သူ တို့ သည် အိုး ထိန်း ဖြစ် လျက်၊ အ မှု တော် ထမ်း ရန် ဘု ရင် မင်း အ နီး န တိမ်၊ ဂ ဒေ ရ မြို့ များ တွင် နေ ကြ ကုန်၏။ Judson Bible ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာနေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အိုးထိန်းသည်များ ဖြစ်ကြပြီး နတိမ်မြို့၊ ဂဒေရမြို့တို့တွင် နေထိုင်ကြ၏။ ရှင်ဘုရင်နှင့်အတူ ထိုအရပ်တွင်နေထိုင်ပြီး ဘုရင့်အမှုတော်ကို ထမ်းဆောင်ကြ၏။ |
မောနောသဲ၏သားမှာသြဖရာတည်း။ စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက် သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။