ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
၁ ရာချုပ် 2:2 - Common Language Bible ဒန်၊ ယောသပ်၊ င်္ဗယာမိန်၊ နဿာလိ၊ ဂဒ်၊ အာရှာဟူ၍ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။ Garrad Bible ဒန်၊ ယော သပ်၊ ဗင်္ယာ မိန်၊ နဿ လိ၊ ဂဒ်၊ အာ ရှာ တို့ တည်း။ Judson Bible ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်နှင့်အာရှာ တို့ဖြစ်ကြ၏။ |
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။-
အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-
ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-
ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-