အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။
၁ ရာချုပ် 1:29 - Common Language Bible ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊- Garrad Bible သား စဉ် မြေး ဆက် ဟူ မူ ကား ဣ ရှ မေ လ သား ဦး န ဗာ ယုတ်။ Judson Bible ဣရှမေလသားအကြီးကား နဗာယုတ်၊ နဗာယုတ်ညီ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏သားစဉ်မြေးဆက်များမှာ ဣရှမေလ၏သားဦး နဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ |
အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။
စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။