ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
ဧဇရ 4:10 - Common Language Bible ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ'' Judson Bible ကြီးမြတ်သောမင်း အာသနပ္ပါဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသောသူများနှင့်၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊ မြန်မာ့စံမီသမ္မာကျမ်း ကြီးမြတ်၍ဂုဏ်သရေရှိသော အာသနပါမင်းကြီး ခေါ်ဆောင်လာ၍ ရှမာရိမြို့များနှင့် မြစ်ကြီး၏အနောက်ဘက်ဒေသ၌ နေရာချထားသော ကျန်သည့်လူမျိုးများက ရေးသားပေးပို့ကြခြင်းဖြစ်၏။ |
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
(စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။) ``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''
မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
``ဧကရာဇ်မင်းအာတဇေရဇ် ထံမှကောင်းကင်ဘုံရှင်ဘုရားသခင်၏ ပညတ်ကျမ်းတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရထံသို့၊
သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။