ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
အာမုတ် 6:7 - Common Language Bible သို့ဖြစ်သောကြောင့်ပြည်နှင်ခံရသူများအနက် သင်တို့သည်အဦးဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ဘာသာရေးပွဲများနှင့် စားတော်ပွဲများ သည်နိဂုံးချုပ်ရလိမ့်မည်။ Garrad Bible ထို သူ တို့ သည်၊ ဦး စွာ သုံ့ ဘမ်း ခံ ရ သူ တို့ နှင့် အ တူ သိမ်း သွား ခံ ရ မည် ဖြစ်၍၊ မှီ ထိုင် သူ တို့ တွင် ပျော် ပါး သံ ပ ပျောက် ရ လ တ္တံ့။ Judson Bible ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခု သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသူတို့တွင် ထိပ်ဆုံးမှ ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ သူတို့ပျော်ပါးခဲ့သောပွဲများသည်လည်း အဆုံးသတ်ရလိမ့်မည်။ |
ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
သူတို့၏စောင်းများ၊ ပတ်သာများမှရွှင်ပျ ချိုသာသောသီချင်းသံသည်လည်း ဆိတ် သုဉ်းသွားလေပြီ။-
ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
သင်တို့ကိုအနီးဆုံးမြို့နံရံပျက်အပေါက် သို့ဆွဲသွားပြီးအပြင်သို့လွှင့်ပစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ကိုဒမာသက်မြို့တစ်ဘက် သို့ဖမ်းယူသွားတော့မည်'' ဟုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော် မူ၏။
ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
`ယေရောဗောင်မင်းသည်တိုက်ပွဲ၌ကျဆုံး ပြီးဣသရေလပြည်သားတို့သည် မိမိတို့ ၏နိုင်ငံမှတစ်ပါးတစ်နိုင်ငံသို့ဖမ်းသွား ခံရမည်' ဟုဟောနေပါသည်'' ဟူ၍သံ တော်ဦးတင်လိုက်၏။
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-