အာမုတ် 7:17 - Common Language Bible17 ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ထာ ဝ ရ ဘု ရား က၊ သင့် မ ယား သည်၊ မြို့ အ တွင်း တွင် ပြည် တန် ဆာ အ ဖြစ် ရောက် ခြင်း။ သား သ မီး တို့ သည်၊ ဓား ဖြင့် ကျ ဆုံး ခြင်း၊ လယ် ယာ သည်၊ ကြိုး ဆွဲ၍ ဝေ ဖန် ခြင်း၊ ကိုယ် တိုင် သည်၊ မ သန့် သော ပြည် တွင် သေ လွန် ခြင်း များ ကို ခံ ရ လျက်၊ ဣ သ ရေ လ အ မျိုး လည်း၊ နေ ပြည် မှ သုံ့ ဘမ်း သိမ်း သွား ခံ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ပြန် ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏မယားသည် ပြည့်တန်ဆာဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတစ်ပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။ အခန်းကိုကြည့်ပါ။ |
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။
သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-
ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။