ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
အာမုတ် 5:20 - Common Language Bible ထာဝရဘုရား၏နေ့တော်သည်အလင်း မရဘဲ အမှောင်ကျသောနေ့ဖြစ်လိမ့်မည်။ ထွန်းတောက်ခြင်းအလျှင်းမရှိဘဲ အမှောင်ထု ကြီးဖုံးနေသောနေ့သာလျှင်ဖြစ်လိမ့်မည်။ Judson Bible ထာဝရဘုရား၏နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နေ့တော်သည် အလင်းမရှိ၊ အမှောင်ကျသောနေ့ ဖြစ်မည်မဟုတ်လော။ လင်းရောင်ခြည်မရှိ၊ မှောင်ပိန်းသောနေ့ ဖြစ်မည်မဟုတ်လော။ |
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊ တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။ အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊ သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။ သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။
ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-