အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
အာမုတ် 3:15 - Common Language Bible ငါသည်သူတို့ဇိမ်ခံရာနွေရာသီဂေဟာနှင့် ဆောင်းရာသီအိမ်တော်များကိုဖျက်ပစ်မည်။ ဆင်စွယ်ဖြင့်မွန်းမံသောအိမ်ရာများပြိုလဲ ကြ၍ မဟာဂေဟာမှန်သမျှပျက်စီးရ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သု ဘ ဘုံ ဗိ မာန် နှင့် ရာ မ ဘုံ ဗိ မာန် များ ကို၊ ငါ ဒဏ် စီ ရင် သည့် ပြင်၊ ဆင် စွယ် ဖြင့် ပြီး သော တိုက် များ ပျက် စီး လျက်၊ အိမ် အ မြောက် အ မြား လည်း ကုန် ဆုံး လိမ့် သ တည်း ဟု မိန့် တော် မူ ၏။ Judson Bible ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့်ပြီးသော အိမ်တို့ကို ဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။-
ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။
သို့ကြောင့်ရန်သူတစ်နိုင်ငံသည်သူတို့၏ မြို့များကိုဝိုင်းရံ၍ သူတို့၏ခံတပ်များ ကိုဖြိုခွင်းလိုက်မည်။ သူတို့၏ဘုံနန်းများ ကိုလည်းလုယက်ဖျက်ဆီးလိမ့်မည်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
ထာဝရဘုရား၏အမိန့်တော်ကြောင့်အိမ် ရာကြီးငယ်တို့သည် အစိတ်စိတ်အမြွှာ မြွှာပြိုကွဲပျက်စီးသွားရလိမ့်မည်။-
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-