ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
အာမုတ် 1:3 - Common Language Bible ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဂိ လဒ် နယ် ကို သံ စက် နှင့် နင်း နယ် သော၊ ဒ မာ သက် ပြည် ၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို ငါ မ ပ လပ် စေ ဘဲ၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဒမတ်စကပ်မြို့သားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ဂိလဒ်ပြည်ကို ကောက်နယ်သံတလိမ့်တုံးဖြင့် နင်းနယ်လေပြီ။ |
ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။-
ရှုရိဘုရင်၏မြေမှုန့်ကဲ့သို့ဖျက်ဆီးချေ မှုန်းခြင်းကိုခံရသဖြင့် ယောခတ်တွင်မြင်း စီးသူရဲငါးဆယ်၊ စစ်ရထားဆယ်စီးနှင့် ခြေလျင်တပ်သားတစ်သောင်းမျှသာကျန် ရှိတော့သည်။
တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။
ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။-
ငါသည်သင်တို့အားထက်မြက်သည့် အသွားများရှိသောစပါးနယ်စက်အသစ် ကဲ့သို့ ဖြစ်စေတော်မူမည်။ သင်တို့သည်တောင်ကြီးများကိုနယ်၍ ညက်ညက်ကြေစေလိမ့်မည်။ တောင်ငယ်များသည်လည်းမြေမှုန့်ဖြစ်၍ သွားကြလိမ့်မည်။
ထိုအချိန်ကာလမကျမီ၌ပင်လျှင် သင် ကြောက်လန့်သည့်ဘုရင်နှစ်ပါး၏တိုင်း ပြည်များသည်လူသူဆိတ်ငြိမ်ရာဖြစ် လျက်နေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-
ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-
ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။-
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။-
ဟာဒရက်ပြည်နှင့်ကပ်လျက်နေသောဟာမက် ပြည်ကိုလည်းကောင်း ကျွမ်းကျင်လိမ္မာမှုရှိသည့် တုရုမြို့နှင့်ဇိဒုန်မြို့တို့ကိုလည်းကောင်း ကိုယ်တော်ပိုင်တော်မူ၏။-