ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
အာမုတ် 1:2 - Common Language Bible အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။'' Garrad Bible ထာ ဝ ရ ဘု ရား သည် ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ မှ၊ တစ် ခြိမ်း ခြိမ်း ဟုန်း တော် မူ သ ဖြင့်၊ ထိန်း ကျောင်း ရာ စား ကျက် များ သည် မြည် တမ်း လျက်၊ က ရ မေ လ တောင် ထိပ် လည်း သွေ့ ခြောက် လျက် ရှိ လိမ့် မည်။ Judson Bible ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။ |
ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။
တိုင်းပြည်သည်လည်းခြောက်သွေ့၍ လူသူဆိတ် ငြိမ်လျက်နေတော့၏။ လေဗနုန်တောသည်ညှိုး နွမ်းခြောက်သွေ့၍နေလေပြီ။ မြေသြဇာထက် သန်သည့်ရှာရုန်ချိုင့်ဝှမ်းသည် သဲကန္တာရကဲ့သို့ ဖြစ်လျက်၊ ဗာရှန်တောင်နှင့်ကရမေလတောင် တွင်ရှိသောသစ်ပင်များသည် အရွက်ကြွေကြ ကုန်၏။
ထာဝရဘုရားသည်သူရဲကောင်းကဲ့သို့စစ်တိုက်ရန် ထွက်ကြွတော်မူ၏။ ကိုယ်တော်သည်တိုက်ပွဲဝင်ရန်အသင့်ရှိ၍ စိတ်စောလျက်နေတော်မူ၏။ ကိုယ်တော်သည်စစ်တိုက်သံကြွေးကြော်လျက် မိမိ၏ ရန်သူတို့အားတန်ခိုးတော်ကိုပြတော်မူ၏။
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊ `ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။ အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။-
ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
စားကျက်များနှင့်သစ်ပင်များသည် မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။ သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။ မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။
ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-
ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-