ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
ထို အ ခါ၊ ထာ ဝ ရ ဘု ရား သည် ဟေ ရှာ ယ အား မိန့် တော် မူ သည် ကား။ ခ ဝါ သည် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ သို့၊ သားရှာ ယာ ရှုပ် ပါ သွား ရောက်၍၊ အာ ခတ် မင်း ကို ဆီး ကြို ဆင့် ဆို ရ မည် မှာ၊ ဣ န္ဒြေ နှင့် ငြိမ် ဝပ် စွာ နေ လော့။
ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍
ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
မြို့ထဲရှိအိမ်များကိုရေတွက်ကာမြို့ရိုးများ ပြင်ဆင်ရန်ကျောက်တုံးများရရှိရေးအတွက် အိမ်အချို့ကိုဖြိုချကြ၏။-
ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊-
ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-